ပြည်ပနိုင်ငံများ၌ သီတဂူဆရာတော်ဘုရားကြီး တည်ထားလှူဒါန်းခဲ့သော စေတီပုထိုးများ

ပြည်ပနိုင်ငံများ၌ သီတဂူဆရာတော်ဘုရားကြီး တည်ထားလှူဒါန်းခဲ့သော စေတီပုထိုးများ

ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီး ၂၀၁၀ ခုနှစ်၊ ဧပြီလတွင် အိန္ဒိယနိုင်ငံ၊ ဟိမဝန္တာတောင်တန်း အမြင့်ပေ-၁၂၀၀၀ တွင် တည်ရှိသော လဒက်ဒေသ၊ မဟာဗောဓိရိပ်သာတွင် တည်ထားကိုးကွယ်ရန် မြန်မာ့အနုပညာလက်ရာဖြင့်ထုံမွှန်းအပ်သောရွှေစည်းခုံစေတီတော်အတွက် အုဌ်မြစ်ချခြင်း၊ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၂၆-၂၇ တွင် ထီးတော်တင်ခြင်း၊ ငှက်မြတ်နား၊ စိန်ဖူးတော် အထွဋ်တင်မင်္ဂလာအခမ်းအနားနှင့် ဩဝါဒ မိန့်ခွန်းတို့ကို ပြန်လည်တည်းဖြတ်၍ ထုတ်လွှင့်ပေးပါမည့်အကြောင်း သတင်းကောင်းကို ကြိုတင်သိရှိစေပါသည်။

သီတဂူဆရာတော်ကြီး တည်ဆောက်လှူဒါန်းထားသော ပြည်ပစေတီတော်များ

၁။ အမေရိကန်ပြည်ထောင်စု၊ တက်ဆက်ပြည်နယ်၊ အော်စတင်မြို့က သီတဂူဗုဒ္ဓဝိဟာရတွင် ဉာဏ်တော်-၅၄ပေ အမြင့်ရှိသော ရွှေစည်းခုံစေတီတော် (တည်ဆောက်ပြီးစီး)

၂။ အမေရိကန်ပြည်ထောင်စု၊ မီနီဆိုးတားပြည်နယ်၊ ချီဆာဂိုမြို့တွင် ၁၈ပေအမြင့်ရှိ‌သော ဂန္ဓကုဋီ‌တိုက်ပေါ်တွင် တည်ထားသည့် ဉာဏ်တော်(၂၇)ပေအမြင့်ရှိသော ရွှေတိဂုံစေတီတော် (တည်ဆောက်ပြီးစီး)

၃။ အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ အိုကီချိုဘီမြို့တွင် ဉာဏ်တော်(၂၇) ပေ အမြင့်ရှိသော လောကနန္ဒာစေတီတော် (တည်ထားဆဲ)

၄။ ရုရှားဖယ်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့တွင် တည်ထားသည့် ၁၈ပေအမြင့်ရှိ‌သော ဂန္ဓကုဋီ‌တိုက်ပေါ်တွင် တည်ထားသည့် ဉာဏ်တော် (၂၇)ပေ အမြင့်ရှိသော ရွှေစည်းခုံစေတီတော် (တည်ထားဆဲ)

၅။ ရုရှားဖယ်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့တွင် တည်ထားသည့် ဉာဏ်တော်၉ ပေအမြင့်ရှိသော ရွှေတိဂုံစေတီတော် (တည်ထားဆဲ)

၆။ အိန္ဒိယနိုင်ငံ၊ တြိပူရပြည်နယ် မနုဘန်ကူကျေးရွာတွင် တည်ထားသည့် ၁၅ပေအမြင့်ရှိ‌သော ဂန္ဓကုဋီ‌တိုက်ပေါ်တွင် တည်ထားသည့် ဉာဏ်တော်(၁၈)ပေအမြင့်ရှိသော ရွှေစည်းခုံစေတီတော် (တည်ဆောက်ပြီးစီး)

၇။ အိန္ဒိယနိုင်ငံ၊ ဟိမဝန္တာတောင်ပေါ် ပေ-၁၂၀၀၀ အမြင့်တွင်ရှိသည့် လဒက်မြို့တွင် တည်ထားသည့် ၁၅ပေအမြင့်ရှိ‌သော ဂန္ဓကုဋီ‌တိုက်ပေါ်တွင် တည်ထားသည့် ဉာဏ်တော် (၁၈) ပေ အမြင့်ရှိသော ရွှေစည်းခုံစေတီတော် (တည်ဆောက်ပြီးစီး)

၈။ အိန္ဒိယနိုင်ငံ၊ သာဝတ္ထိမြို့၊ မြန်မာကျောင်းတွင် တည်ထားသည့် ဉာဏ်တော်(၉)ပေအမြင့်ရှိသော ရွှေတိဂုံစေတီတော် (တည်ဆောက်ပြီးစီး)

၉။ အိန္ဒိယနိုင်ငံ၊ မြေမြတ်မဟာ ဂယာမြို့၊ မဟာဗောဓိ ပရဟိတ မြန်မာကျောင်းတွင် တည်ထားသည့် ၁၈ပေအမြင့်ရှိ‌သော သိမ်ပေါ်တွင် တည်ထားသည့် ဉာဏ်တော် (၁၈) ပေ အမြင့်ရှိသော ရွှေစည်းခုံစေတီတော် (တည် ထားဆဲ)

၁၀။ ဩစတေးလျှတိုက်၊ ဩစတေးလျှနိုင်ငံ၊ နယူးဆောက်ဝေးလ်ပြည်နယ်၊ လစ်စ်မောလ်မြို့တွင် တည်ရှိသော ဗောဓိပင်တောရရိပ်သာကျောင်းတိုက်တွင် တည်ထားသည့် ဉာဏ်တော်(၂၀) ပေအမြင့်ရှိသော ရွှေတိဂုံစေတီတော် (တည်ဆောက်ပြီးစီး)

ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပြည်ပစေတီတော်များကို အောက်ပါ ပညာရှင်များက ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါသည်။ (စေတီတော်နံပါတ်စဉ်အလိုက်)

၁။ တမ္ပဝတီဦးဝင်းမောင်၊ ပြည့်ဝဦးလြှမင့်၊ မုဒိတာဦးအောင်မင်း၊ တမ္ပဝတီကိုချိုဇော်မင်း၊ ဦးအောင်စိန်(ဖို့ဝန်း)၊ ကိုထွန်းသောင်း(အော်စတင်) ၊ ကိုကျော်လှမြိုင် (ဆန်ဖရန်စစ္စကို)၊ ကိုသိန်းထွန်း

၂။ ဦးဝင်းမောင်၊ ကိုချိုဇော်မင်း(တမ္ပဝတီ)၊ ပန်းတဉ်း ပြည့်ဝဦးလြှမင့် သား ကိုအောင်အောင်မိုး၊ ပန်းတော့ ကိုကျော်နိုင်ဦးနှင်ညီများ (ဝါးချက်)၊ စတီးစေတီ ကိုရန်လင်းအောင် (တော်ဝင်မြန်မာမှု)
၃။ (မစရသေး)၄။ ၅။ (၂နှင့် အတူတူ)၆။ ဦးဝင်းမောင်၊ ကိုချိုဇော်မင်း(တမ္ပဝတီ)၊ ပန်းတမော့ မုဒိတာ ဦးအောင်မင်း၊ ပန်းတော့ ကိုကျော်နိုင်ဦးနှင်ညီများ (ဝါးချက်)၇။ ဦးဝင်းမောင်၊ ကိုချိုဇော်မင်း(တမ္ပဝတီ)၊ ပန်းတော့ ကိုကျော်နိုင်ဦးနှင်ညီများ (ဝါးချက်)၈။ ကြေးစေတီ ကိုနိုင်လင်း (လင်းမြန်မာ ငွေထည်လုပ်ငန်း၊ ရွာထောင်)
၉။ ဦးဝင်းမောင်၊ ကိုချိုဇော်မင်း(တမ္ပဝတီ)၊ ပန်းတော့ ကိုကျော်နိုင်ဦးနှင့်ညီများ (ဝါးချက်)၊ စတီးစေတီ ကိုတင်ထွန်းအောင်နှင့် အဖွဲ့ (ပန်းထိမ်လုပ်ငန်း၊ ရွာထောင်)၁၀။ ဦးဝင်းမောင်၊ ကိုချိုဇော်မင်း(တမ္ပဝတီ)၊ စတီးစေတီ ကိုရန်လင်းအောင် (တော်ဝင်မြန်မာမှု)

သာဓုသာဓုသာဓု
(Shareခြင်းဖစ် ကုသိုလ်ယူနိုင်ပါပြီ)

..crd..
..(ply)..

Be the first to comment

Leave a Reply

Your email address will not be published.


*