ချန်ပီယံခါးပတ်ကို ပြန်လည်ရယူဖို့ ပြင်းပြင်းထန်ထန် လေ့ကျင့်နေတဲ့ မြန်မာ့စပါးအုံး အောင်လအန်ဆန်

ချန်ပီယံခါးပတ်ကို ပြန်လည်ရယူဖို့ ပြင်းပြင်းထန်ထန် လေ့ကျင့်နေတဲ့ မြန်မာ့စပါးအုံး အောင်လအန်ဆန်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ဒီနေ့မှာတော့ မြန်မာ့ဂုဏ်ဆောင် မြန်မာ့ စပါးအုံး အောင်လအန်ဆန်ဟာ ပရိတ်သတ်တွေအားလုံးရဲ့ချစ်ခင် အားပေး နှစ်သက်မှုကို အပြည့်အဝ ရရှိထားသူတစယောက်ဆိုလည်း မမှားပါဘူး။

အောင်လအန်ဆန်က (၂၀၁၉) နှစ်ကနေစတင်ပြီး ( Onechampionship ) ပြိုင်ပွဲတွေမှာ ပြိုင်ဘက်ကောင်းတွေကို အနိုင်ယူ ယှဉ်ထိုးသတ်နိုင်ခဲ့တာကြောင့် ( Onechampionship ) ရဲ့ အကောင်းဆုံး ဖိုက်တာကစားသမား စာရင်းမှာပါဝင်ခဲ့တဲ့ ချန်ပီယံ တစ်ယောက်ပဲဖြစ်ပါတယ်။

မကြာသေးခင် အောက်တိုဘာလ (၃၀) ရက်နေ့က စင်ကာပူနိုင်ငံမှာ ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ ချန်ပီယံပွဲအဖြစ် ယှဉ်ပြိုင်ထိုးသတ်တဲ့ပွဲမှာ စိန်ခေါ်သူ နယ်သာလန်နိုင်ငံသား ရိုင်နာဒီရစ်ဒါကို ပထမအချီမှာ နောက်ကျောချုပ်ကွက်နဲ့ အောင်လအန်ဆန်ဟာ ရှုံးနိမ့်ခဲ့ရတာ အားလုံးလည်းသိပြီးသား ဖြစ်ကြမှာပါ။

အောင်လအန်ဆန်ဟာ ရှုံးနိမ့်ခဲ့ရတဲ့ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ ချန်ပီယံခါးပတ်ကို ပြန်လည်ရယူမယ်ဆိုတဲ့ အကြောင်းကိုလည်း မြန်မာ့ ပရိတ်သတ်တွေကို ကတိပေးလာခဲ့ပါသေးတယ်။

ယခုချိန်မှာလည်း အောင်လအန်ဆန်ဟာ သူ့ရဲ့ လူမှူကွန်ရက် စာမျက်နှာမှတဆင့် ပရိတ်သတ်တွေကို လေ့ကျင့် ပြင်ဆင်နေတဲ့ ပုံရိပ်လေးတွေကို မျှဝေလာခဲ့ပါတယ်။

ရှုံးကြွေးပြန်ဆပ်နိုင်ဖို့အတွက် အကောင်းဆုံး ယှဉ်ပြိုင် ထိုးသတ်နိုင်အောင် ပြင်းပြင်း ထန်ထန်နဲ့ လေ့ကျင့် ပြင်ဆင်နေတဲ့ ပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။

ပရိတ်သတ်ကြီးအားလုံးလည်း အကောင်းဆုံးလေ့ကျင့် ပြင်ဆင်နေတဲ့ အောင်လအန်ဆန်ကို အားပေးစကားလေး ပြောခဲ့ကြပါအုံးနော်။

ဖက်ရူအားပေးကြတဲ့ ပရိတ်သတ်ကြီးအားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ ပိုင်ဆိုင် နိုင်ကြပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ် ခင်ဗျာ။

..crd..
..(ply)..

Be the first to comment

Leave a Reply

Your email address will not be published.


*