“မောင်နှမဆိုတာ ကမ္ဘာမြေကြီးက ပေးလိုက်တဲ့ အခိုင်မာဆုံး သံယောဇဉ်ကြိုး တစ်ချောင်းပါ”

knowledge

မောင်နှမဆိုတာ ကမ္ဘာမြေကြီးကပေးလိုက်တဲ့ အခိုင်မာဆုံး သံယောဇဉ်ကြိုးတစ်ချောင်းပါ။ တစ်ခါတစ်လေ မိဘကိုတူတူဆိုးကြတာရှိမယ် တစ်ခါတစ်လေ တူတူလိမ္မာကြတာလဲရှိပါတယ်။အကိုကြီးအဖရာ၊အမကြီးအမိရာ ဆိုသလိုမုန့်လေးဘာလေးစားရရင် ငါ့ညီ၊ငါ့ညီမအတွက်ထားထားကြတာရှိလိမ့်မယ်။အငယ်တွေကလဲ ကိုယ့်အကိုကြီး၊အမကြီးတွေကိုအားကိုးကြပါတယ်။ပြဿနာတစ်ခုခုဖြစ်ခဲ့ရင် အရင်တိုင်ပင်တာကိုယ့် အကို၊အမတွေကိုပါ။

တစ်ခါတစ်လေ အငယ်တွေကပြန်ပြီးဦးဆောင်ကြတာရှိတယ်။ဒါပေမယ့် သူတို့အကိုကြီး၊အမကြီးတွေကိုမမေ့ပါဘူး။တစ်ခါတစ်လေရန်ဖြစ်ကြမယ်။ပြီးရင် ပြန်ချစ်ကြမယ်။အကြီးတွေကလဲအငယ်တွေကိုလမ်းပြပေးသလိုအငယ်တွေကလဲ ရင်ဖွင့်စရာရှိရင်ရင်ဖွင့်ကြတယ်။ကိုယ်က ဘာကြီးပဲဖြစ်နေပါစေကိုယ့်အကိုအမရှေ့ရောက်ရင် ကလေးလေးပါပဲ။တစ်ခါတစ်လေ ကိုယ့်အတွက် သူတို့က ရှေ့ဆုံးကနေဂုဏ်ယူတတ်ကြတယ်။တစ်ခါတစ်လေ ကိုယ်ကသူတို့အတွက် ရှေ့ဆုံးကနေဂုဏ်ယူနေရတယ်။

မိဘတွေမရှိတော့တဲ့အခါကိုယ်ဒုက္ခရောက်လို့မရှိ၊ရှိတာလေးနဲ့ ကူညီပေးတာမောင်နှမဆိုတဲ့သံယောဇဉ်ကြိုးလေးကြောင့်ပါ။ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ။အဖေ၊အမေပြီးရင်ဘယ်သူ့ကိုအချစ်ဆုံးလဲလို့။ပါးစပ်ကနေထုတ်မပြောရင်တောင်စိတ်ထဲကနေကိုယ်မသိပဲ ချစ်မိနေပါလိမ့်မယ်။ဘာလို့ဆို လောကကြီးကသံယောဇဉ်ဆိုတဲ့ကြိုးလေးတစ်ချောင်းကိုမွေးလာကတည်းက ချည်နှောင်ထားလို့ပေါ့ဗျာ။ ။ ။ ။ဓာတ်ပုံတွေက ပါမောက္ခဆရာတော်ဘုရားကြီးတို့မောင်နှမရဲ့ကြည်နူးစရာပုံရိပ်လေးပါ။မူလဓာတ်ပုံပိုင်ရှင်နဲ့Post ပိုင်ရှင်ကို #Credit ပေးပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *