ကိုယ်တိုင်ကခရစ်ယာန်ဖြစ်နေပေမယ့် ခင်ပွန်းဖြစ်သူအတွက် ကြည်ညိုစရာကောင်းတဲ့ ဘုရားခန်းလုပ်ပေးချင်တယ်ဆိုတဲ့ ချစ်သုဝေ(အပြည့်အစုံဖတ်ရှုရန်ပုံကိုနှိပ်ပါ)

ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ဘာသာတရားတွေကွဲပြားကြပေမယ့် ရင်ထဲက ချစ်ခြင်းတရားတွေ ရော လူပီသတဲ့စိတ်တွေပါ ထပ်တူညီကြတဲ့ လင်းလင်းနဲ့ချစ်သုဝေတို့ ဇနီးမောင်နှံကတော့ တကယ့်ကိုစံပြပါပဲ။ သမီးလေးနှစ်ယောက်ကိုလည်း အကောင်းဆုံးပျိုးထောင်ပေးနိုင်သလို ကိုယ်တိုင်လည်း အကောင်းဆုံးဖြစ်အောင် ကြိုးစားနေထိုင်တတ်ကြတာတော့ အတုယူစရာပါ။

ထရီဇာကိုယ်တိုင်က ခရစ်ယာန်ဘာသာဝင်ဖြစ်ပေမယ့် ဖခင်ဖြစ်သူနဲ့ ခင်ပွန်းဖြစ်သူကတော့ ဗုဒ္ဓဘာသာဝင်တွေဖြစ်ကြပါတယ်။ သူမရဲ့သက်ဝင် ယုံကြည်ရာဘာသာတရားတစ်ခုတည်းကိုပဲ တလေးတစားရှိတာမဟုတ်ဘဲ တခြားဘာသာတွေကိုလည်း လေးလေးစားစားနဲ့ ဆက်ဆံတတ် တာ တကယ့်ကိုအတုယူစရာပါ။ သူငယ်ချင်းဖြစ်သူရဲ့ ဝါဆိုသင်္ကန်းကပ်အလှူပွဲကို တက်ရောက်ခဲ့ပြီး သူငယ်ချင်းအိမ်ကဘုရားခန်းကိုကြည့်ကာ ဒီလိုသပ္ပါယ်တဲ့ဘုရားခန်းမျိုးကို ခင်ပွန်းဖြစ်သူအတွက် ပူဇော်ပေးချင်ကြောင်း ပြောခဲ့ပါသေးတယ်။

သူမရဲ့အလှူပွဲတက်ပုံရိပ်လေးတွေကို ” သူငယ်ချင်းအိမ်တက်မှာ ဖေဖေ နဲ့ ကိုလင်းတို့ ကုသိုလ်ယူ နိုင်ဖို့ ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ခွင့်ရခဲ့တယ်။ ဘုန်းဘုန်းဟောကြားတဲ့တရားထူးကိုလည်း နာကြားခွင့်ရခဲ့တယ်။ သပ္ပါယ်လှတဲ့ ဘုရားခန်းကလည်းကြည်ညိုဖွယ်၊ သူငယ်ချင်း မိသားစုရဲ့ အလျံပ္ပါယ် ဆွမ်းကပ်လှူဒါန်းမှူကလည်း သဒ္ဒါတရားထက်သန်တာအတုယူဖွယ်၊ ” ဆိုပြီး ဝေမျှခဲ့ပါ တယ်။ ဒီလိုအရည်အချင်းရှိပြီး နားလည်မှု အပြည့်ပေးနိုင်တဲ့ ဇနီးကောင်းကို ပိုင်ဆိုင်ထားတဲ့ လင်းလင်းအတွက်တော့ ဝမ်းသာဂုဏ်ယူမိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *