ဘုရားနှစ်ဆူမှာ ဘုရားဖူးတွေ အေးချမ်းစွာသွားလာနိုင်ရေးအတွက် နေပူခံကျောက်ပြားလမ်းခင်းလှူဒါန်းပေးခဲ့တဲ့ ခင်လှိုင်(အပြည့်အစုံဖတ်ရှုရန်ပုံကိုနှိပ်ပါ)

ဇာတ်ပို့ဇာတ်ရံ၊ဒါရိုက်တာတစ်ယောက်ဖြစ်သူ ဦးခင်လှိုင်ကတော့ မကြာခဏဆိုသလို အလှူအတန်းလုပ်လေ့ရှိသူပါ။ နေ့ထူးနေ့မြတ်တိုင်းမှာ အလှူပြုလုပ်ရုံသာမက မိသားစုဝင်တိုင်းရဲ့မွေးနေ့တွေမှာလည်း အလှူကြီးအတန်းကြီး လုပ်လေ့ရှိသူပါ။ မကြာသေးခင်က မှော်ဘီခြံမှာ ဝါဆိုသင်္ကန်းကပ် စတုဒီသာကျွေးခဲ့ပြီး မနေ့ က ဝါဆိုလပြည့်နေ့မှာတော့ ခုနှစ်ရက်သားသမီးကို ရည်စူးပြီးပြုလုပ်ထားတဲ့အလှူလေးတွေကို အောင်မြင်စွာ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း ဖော်ပြလာပါတယ်။

မိဘကျေးဇူးဆပ် ရွှေကံဆင့်စေတီတော်မှာ ရင်ပြင်တော်အပြည့် နေပူခံကျောက်ပြားကို (၇)ရက်သား၊သမီးပရိသတ်များကို ရည်စူးပြီးလှူဒါန်းပေးခဲ့တဲ့အပြင် ပြင်ဦးလွင်မြို့ အင်းထိပ်ဦးကျေးရွာမှာရှိတဲ့ (၇) ရက်သား၊သမီးတည်ထားကိုးကွယ်တော်မူသော ဝတ်ကြွေးတော်ပြေ ကံ့ကော်တစ်ထောင်ဘုရားမှာလည်း နေပူခံကျောက်ပြားများလမ်းခင်းလှူဒါန်းပေးခဲ့ကြောင်း သူ့ရဲ့အလှူလေးတွေကို မျှဝေခဲ့ပါတယ်။

ဒါ့အပြင် “ကျွန်တော်တို့မိသားစုပြုသောကောင်းမှူများကို (၇) ရက်သားသမီးချစ်မိတ်ဆွေအပေါင်းတို့အားအမျှပေးဝေပါတယ် ကောင်းမှုကုသိုလ်အားအညီအမျှရကြပါစေခင်ဗျာ ” ဆိုပြီးတော့လည်း မိတ်ဆွေသင်္ဂဟများနဲ့ ပရိသတ်တွေပါ ထပ်တူသာဓုခေါ်ဆိုနိုင်ဖို့ မျှဝေပေးခဲ့ပါသေးတယ်…. မွန်မြတ်လှတဲ့စေတနာအရင်းခံပြီး လှူဒါန်းပေးခဲ့တဲ့ ဦးခင်လှိုင်တို့ရဲ့အလှူတွေအတွက် ဆယ်လီကမ္ဘာပရိသတ်ကြီးလည်း သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *