ရွှေတိဂုံဘုရားပိတ်ထားလို့ စိတ်မပူပါနဲ့လိုင်းပေါ်ကနေဖူးပြီး အများလဲဖူးရအောင်Shareပေးခြင်းဖြင့်ကုသိုလ်ရယူကြရအောင်

ရွှေတိဂုံစေတီတော်ကြီး၏ အံဖွယ်🙏 ၉ ဆူကို တပြိုင်နက်တည်း ဖူးမြော်ခွင့်ရရှိခြင်းဖြင့် လိုရာဆန္ဒများ တစ်လုံးတစ်၀တည်း ပြည့်စုံပါသည်။ အံဖွယ် ၉ ဆူကို တစ်ဆူချင်းစီ လိုက်လံဖူးမြော်နိုင်ရန် ပုံတော်များကို တည်နေရာနှင့်တစ်ကွ ကုသိုလ်ယူ တင်ပေးလိုက်ပါသည်။ 🙏🙏🙏

အံဖွယ်( ၉ )ဆူမှာ 🙏🙏🙏

၁။ ပတ္တမြားမျက်ရှင်

တည်နေရာ – ရွှေတိဂုံစေတီတော် အထက်ပစ္စယံ အရှေ့ ဘက်တည့်တည့်တွင် တည်ရှိသည်။ တနင်္လာထောင့်။

၂။ ဝိဇ္ဇာဇော်ဂျီ

တည်နေရာ – ရွှေတိဂုံစေတီတော်မြတ်ကြီး၏ စနေထောင့်တည့်တည့်တွင် တည်ရှိပါသည်။ စေတီတော်ကြီး၏ ပတ်လမ်းနံဘေးတွင်ဖြစ်ပါသည်။ ဝိဇ္ဇာဇော်ဂျီဘုရား၏ တနင်္ဂနွေထောင့်သည် ရွှေတိဂုံစေတီတော်ကြီးဖြစ်ပါသည်။

၃။ ရှင်စောပုဘုရား

တည်နေရာ – ချမ်းသာကြီးဘုရား၏ အနောက်မြောက်ဘက်တန်ဆောင်းတွင်တည်ရှိသည်။ ရာဟုထောင့်

၄။ ရှင်မထီးဘုရား

တည်နေရာ – နောင်တော်ကြီးစေတီတော်၏ မြောက်ဘက် အာရုံခံ ရှင်မထီးတန်ဆောင်းအတွင်းစံပယ်တော်မူပါသည်။ မြောက်အရပ်သို့ မျက်နှာမူထားပါသည်။

၅။ ရှင်အဇ္ဇဂေါဏဘုရား

တည်နေရာ – နောင်တော်ကြီးစေတီတော်၏ တောင်ဘက် အာရုံခံတန်ဆောင်းအတွင်း စံပယ်တော်မူသည်။ ရှင်အဇ္ဇဂေါဏတန်ဆောင်းသည် တနင်္ဂနွေထောင့်တွင် တည်ရှိပါသည်။

၆။ ဆံတော်တွင်းရုပ်ပွားတော်

တည်နေရာ- ရွှေတိဂုံစေတီတော်မြတ်ကြီး၏ သောကြာဂြိုဟ်ထောင့်၊ မြောက်ဘက်မုခ်ဦးတန်ဆောင်းရှေ့ဖြစ်ပါသည်။ ဆံတော်တွင်းတန်ဆောင်း အတွင်းတွင်စံပယ်ပါသည်။

၇။ ဘိုးဘိုးအောင်ဂူဘုရား

တည်နေရာ – ရွှေတိဂုံစေတီတော် ( တနင်္လာထောင့် ) အရှေ့အရပ် အရှေ့ဘက်မုခ်ဦးတွင်တည်ထားကိုးကွယ်သော ဘုရားဖြစ်ပါသည်။ ထီးတော်ပုံစေတီ အောင်မြေရှေ့တွင် ဘိုးဘိုးအောင်တန်ဆောင်းရှိပြီး ယင်းတွင်တည်ထားပါသည်။

၈။ ကကုသန္ဓဘုရား ( လက်ပက်လက် ဘုရား )

တည်နေရာ။ ။ရှေ့ဘက်မုခ် အာရုံခံတန်ဆောင်းအတွင်း (တဝဂူ)

၉။ ပြဒါးရှင်ဘုရား

တည်နေရာ – အရှေ့ဘက်မုခ်နှင့် အင်္ဂါထောင့်ကြားရှိစေတီတစ်ဆူ၏တောင်ဘက်မုခ်အတွင်း ကိန်းဝပ်စံပယ်တော်မူသော ကြေးဆင်းတုတော်ဖြစ်ပါသည်။

Source: Shwedagon Media Kit မှ ကူးယူဖေါ်ပြပါသည်။

🙏လိုရာဆန္ဒ ပြည့်စုံပါစေ 🙏

Leave a Reply

Your email address will not be published. Required fields are marked *