ဦးဖြိုးမင်းသိန်းဆိုတာ ဘယ်လိုလူမျိုးလဲ နိုင်ငံအတွက်ဘယ်လို ဒုက္ခခံခဲ့လဲဆိုတာ

knowledge

အခု လွှတ်တော်မှာရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကို ဖြုတ်ချဖို့ လုပ်နေကြပါပြီ။ အဲ့တော့ အဲ့ဒီလူတွေ ကို ဦးဖြိုးမင်းသိန်း နဲ့ ပတ်သက်လို့ ဒါတွေ သိလား မေးချင်တယ်။၁၉၉၀ ခုနှစ်နှစ်ကုန် ပိုင်းလောက်မှာတိုက်ကြီးမြို့နယ် အတွင်းက ခရီးသည် တင်ယာဉ် ကားပေါ်မှာ ထောက်လှမ်းရေး တွေ ဖမ်းလိုက်တဲ့ အကြောက်တရားကင်းမဲ့ တဲ့ အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦးက နောင်တစ်ချိန်မှာ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဖြစ်လာမဲ့ ဦးဖြိုးမင်းသိန်း ဖြစ်တယ်။ဖြစ်တယ်။

၁၉၉၁ ခုနှစ် ဇန်ဝါရီ လမှာ စစ်ခုံရုံး က ပြစ်ဒဏ်ပေးလိုက်တဲ့အတွက် အင်းစိန်ထောင်ထဲမှာ ဖြတ်သန်းနေရင်း ၁၉၉၅ ခုနှစ်မှာ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် နဲ့ အတူအင်းစိန် ထောင်တွင်းမှာ လူ့ငရဲဆိုတဲ့ စာဆောင်ထုတ်ခဲ့ပါတယ်။ အဲ့ဒီလုပ်ရပ်ပေါ်မှာ ထောင်ဝန်ထမ်းတွေရဲ့ညှင်းပန်းနှိပ်စက်မှုတွေကို ခံရတဲ့ကြားထဲက ဦးဖြိုးမင်းသိန်းဟာ ကုလသမဂ္ဂကို လူ့အခွင့်အရေး ချိုးဖောက်မှု နဲ့ ပက်သက်တဲ့ အစီရင်ခံစာတွေ ပို့ခဲ့တဲ့ အပြင် ကြေညာချက်တွေ လည်း ထုတ်ခဲ့တယ်။ဦးဖြိုးမင်းသိန်းဟာ ယုံကြည်ချက်အတွက် ခေါင်းမာတဲ့ နေရာ မှာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အမွေကို ပိုင်ဆိုင်ထားခဲ့တာပါ။

ဘယ်လောက်ညှင်းပန်းနှိပ်စက် နှိပ်စက်ရင်ထဲက သမဂ္ဂ စိတ်ဓါတ်ကို လုံးဝ လက်မလွှတ်ခဲ့ပါဘူး။ ထောင်ပုံစံ အကျီ င်္ပေါ်မှာလက်မှတ်တွေ ရေးထိုးပြီး လူ့အခွင့်အရေး ညီလာခံကို ထပ်ပေးပို့ခဲ့ပြန်တယ်။ထောင်ထဲမှာထောက်လှမ်းရေးတွေ မျက်စိထောင့်ထောက် ကြည့်နေတဲ့ကြားက ဦးဖြိုးမင်းသိန်းဟာ အဲ့ဒီလို ရဲရဲတောက် လှုပ်ရှားခဲ့ပါတယ်။

အဲ့ဒီလို လှုပ်ရှားမှုတွေအတွက် ပုဒ်မ ၅။(င)နဲ့ထောင်ထပ်ချပြီး အင်းစိန်ထောင်ကနေ တောင်ငူ ထောင်ကို ပို့လိုက်ပါတယ်။ ၂၀၀၀ခုနှစ်မှာ ထောင်ဆူပူအောင် ဖန်တီးပါတယ်ဆိုပြီး လွတ်ရက်စေ့ခါနီး ပုဒ်မ ။၅ (ဃ) နဲ့ ၅ နှစ်ထပ်ချပြီး မြောင်းမြ ထောင်ကိုပို့လိုက်ပါတယ်။

စစ်အစိုးရ ရဲ့ မတရားယုတ်မာမှုတွေကို ခေါင်းငုံ့မခံဘဲ နောက်ဆုံး တစ်ယောက်တည်း ရှိတဲ့ အချိန်အထိ ပြည်သူတွေ အတွက် ထောင်နံရံတွေကြား တိုက်ပွဲဝင်ခဲ့တဲ့ သူ။ ရွှေတောင်ကြားရပ်ကွက်မှာ အိမ်ပိုင်ရှိရဲ့နဲ့ ဒီမိုကရေစီအတွက် ထောင်နံရံကြား ၁၅ နှစ်ကျော်လုံးလုံး ဆန်ကြမ်းထမင်း သွားစားခဲ့တဲ့သူ။စစ်အစိုးရအောက်က နင်းပြားပြည်သူ့ဘဝ လွတ်မြောက်ဖို့ အတွက် ဒုတိယနှစ် တက္ကသိုလ် ကျောင်းသားဘဝ ကိုစွန့်လွှတ်ပြီး ဗိုလ်တထောင် တက္ကသိုလ်အစား အင်းစိန် ထောင် ကိုရွေးခဲ့တဲ့သူ။ အခုသူ ရန်ကုန်ခံတပ်ပေါ်မှာ မတ်မတ်ရပ်နေတယ်။ အဲ့ဒီတော့ အခု ကွီးဖြိုးကို ဖြုတ်ချဖို့ လုပ်နေတဲ့ သူတွေ ကို မျက်နှာချင်းဆိုင်ပြီး မေးချင်တယ်။သမိုင်းစာမျက်နှာတွေကို တစ်ရွက်ချင်းပြိုင်လှန် မလား လို့ ……….

Leave a Reply

Your email address will not be published. Required fields are marked *