ယနေ့မင်းသားကြီးအကယ်ဒမီကျော်ဟိန်း ( ဦးကိတ္တိသာရ) သည်ပျံလွန်တော်မူသွားပြီဖြစ်ပါသည်

Uncategorized

ယနေ့ဇူလိုင် ၁၁ ရက် မြန်မာစံတော်ချိန် မနက် ၉ နာရီ ၂၇ မိနစ်၌ ဩစတေးလျနိုင်ငံ၊ကင်မ်ဘာရာမြို့တွင် သီတင်းသုံးလျက်ရှိသော ဦးကိတ္တိသာရ(သရုပ်ဆောင်အကယ်ဒမီကျော်ဟိန်း)သည်ပျံလွန်တော်မူသွားပြီဖြစ်ပါသည်။နောက် ၃ ရက်မြောက်ဖြစ်သည့် ဇွန်လိုင် ၁၄ သည် ဆရာတော် ၏ ၇၃ နှစ်မြောက်မွေးနေ့ဖြစ်ပါသည်။ဦးဇင်း ကိတ္တိသာရ(ခ) ဦးကျော်ဟိန်းဟာ ဒီကနေ့ ဇူလိုင် ၁၁ ရက်နေ့မှာ သြစတြေးလျနိုင်ငံ၊ ကင်မ်ဘာရာမြို့မှာ ပျံလွန်တော်မူသွားကြောင်း ဦးဇင်းရဲ့ တူတော်စပ်တဲ့ သရုပ်ဆောင် ဒါရိုက်တာ သားညီက လူမှုကွန်ရက်မှာရေးသားထားပါတယ်။ဦးဇင်း ကိတ္တိသာရဟာ ၂၀၁၀ နောက်ပိုင်းမှာ အနုပညာအလုပ်တွေကို ရပ်နားခဲ့ပြီးတဲ့နောက် သာသနာ့ဘောင်ကို ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ပြည်သူ့အချစ်တော်မင်းသားကြီးကတော့ နှုတ်ဆက်သွားပါပြီ။သတင်းကြားကြားချင်းအလွန်ကိုပူဆွေးသောကရောက်ရပါသည် ကိုယ်ချစ်တဲ့ နိုင်ငံကျော်မင်းသားကြီး ကောင်းရာဘဝမှာ ပျော်ရွှင်နိုင်ပါစေ။

Leave a Reply

Your email address will not be published. Required fields are marked *