ယနေ့ဒွေးကွယ်လွန်တာ၁၃နှစ်ပြည့်မှာ အကယ်ဒမီမင်းသားကြီးကျော်ဟိန်းခေါ်ဦးကိတ္ထိသာရ သြစတေးလျမှာပျံလွန်တော်မူအသေးစိတ်ကိုပုံကိုနှိပ်၍ဖတ်ပါ

knowledge

ဦးဇင်းကိတ္တိသာရ သက်တော် ၇၃ နှစ်တွင် ပျံလွန်တော်မူ ၊ ဒွေးကွယ်လွန်တဲ့ ၁၃ နှစ်ပြည့်နှစ်ပတ်လည်နဲ့ တိုက်ဆိုင်

ဦးဇင်း ကိတ္တိသာရ(ခ) ဦးကျော်ဟိန်းဟာ ဒီကနေ့ ဇူလိုင် ၁၁ ရက်နေ့မှာ သြစတြေးလျနိုင်ငံ၊ ကင်မ်ဘာရာမြို့မှာ ပျံလွန်တော်မူသွားကြောင်း ဦးဇင်းရဲ့ တူတော်စပ်တဲ့ သရုပ်ဆောင် ဒါရိုက်တာ သားညီက လူမှုကွန်ရက်မှာရေးသားထားပါတယ်။

ဒါ့အပြင် နာရေးကူညီမှုအသင်းရဲ့ဥက္ကဋ္ဌ ဖြစ်တဲ့ ဦးကျော်သူကလည်း ဦးဇင်းပျံလွန်တော်မူသွားကြောင်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါတယ်။

ဦးဇင်း ကိတ္တိသာရဟာ ၂၀၁၀ နောက်ပိုင်းမှာ အနုပညာအလုပ်တွေကို ရပ်နားခဲ့ပြီးတဲ့နောက် သာသနာ့ဘောင်ကို ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် မြန်မာနိုင်ငံက ထွက်ခွာပြီး သမီးဖြစ်သူရှိတဲ့ ကင်မ်ဘာရာမြို့ကို ကြွရောက်သီတင်းသုံးခဲ့တာ ဖြစ်ပါတယ်။

ဦးဇင်း ကိတ္တိသာရ ကွယ်လွန်တဲ့ ဒီနေ့ ဇူလိုင် ၁၁ ရက်မှာ ဆရာတော်ရဲ့ တူတော်စပ်တဲ့ ရုပ်ရှင်မင်းသားသရုပ်ဆောင် အကယ်ဒမီ ဒွေး ကွယ်လွန်တဲ့ ၁၃ နှစ်ပြည့်နှစ်ပတ်လည်နေ့နဲ့လည်း တိုက်ဆိုင်နေပါတယ်။

နောက်ဆက်တွဲ ထပ်မံသိရတာရှိရင်လည်း ဘီဘီစီမြန်မာပိုင်းက ဆက်လက်တင်ဆက်ပေးပါမယ်။

#ဘီဘီစီမြန်မာပိုင်း #မြန်မာ #ကျော်ဟိန်း #ဒွေး #ရုပ်ရှင် #အကယ်ဒမီ #ဦးဇင်းကိတ္တိသာရ

Leave a Reply

Your email address will not be published. Required fields are marked *