ချယ်ဆီးကြယ်ပွင့် ကျိန်းသေပြောင်းလာမယ်လို့ ယုံနေတဲ့ ဘိုင်ယန်အသင်းသားများ

ဘိုင်ယန်မြူးနစ်အသင်းဟာ ချယ်ဆီးတောင်ပံကြယ်ပွင့် ဟတ်ဒ်ဆန်အိုဒွိုင်းကို တစ်ရာသီအငှားစာချုပ်နဲ့ ခေါ်ယူဖို့ ပြင်ဆင်နေချိန်မှာ အသင်းသားအများစုက ချယ်ဆီးကြယ်ပွင့် ရောက်လာလိမ့်မယ်လို့ မျှော်မှန်းထားပြီးဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ အသက် ၁၉ နှစ်အရွယ်ကစားသမားဟာ ပြင်းထန်တဲ့ဒဏ်ရာပြဿနာကနေ ပြန်လည်ကောင်းမွန်လာပြီးကတည်းက ဖရန့်လမ်းပတ်ရဲ့ပွဲထွက်ကစားသမားစာရင်းထဲကို ဝင်ရောက်နိုင်ဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပြီး ယခုနွေရာသီမှာ စတန်းဖို့ဒ်ဘရစ်ဂျ်ကို နာမည်ကြီးကစားသမားအများအပြား ထပ်မံရောက်ရှိလာခဲ့ပြီးနောက် ပွဲထွက်ခွင့်ရဖို့ ပိုမိုဝေးကွာလာခဲ့တာဖြစ်ပါတယ်။ ဟတ်ဒ်ဆန်အိုဒွိုင်းဟာ ပြီးခဲ့တဲ့ လီဗာပူးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ပါဝင်ခွင့် …

ဟက်ထရစ်ရယူနိုင်ခဲ့ပြီဖြစ်တဲ့ ချယ်လ်ဆီးရဲ့စျေးအကြီးဆုံးကစားသမား ဟာဗက်ဇ်

မနေ့က ကစားခဲ့တဲ့ ကာရာဘောင်းဖလားပွဲစဉ်မှာတော့ ချယ်လ်ဆီးအသင်းဟာ ဘန်စ်လေကို ၆ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး နောက်တဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။ အဆိုပါပွဲမှာ ချယ်လ်ဆီးလ်ကစားသမားသစ် ဟာဗက်ဇ်က ဟက်ထရစ်သွင်းယူခဲ့ကာ အင်္ဂလန်မြေမှာ ပထမဆုံးအကြိမ်အဖြစ် ဂိုးသွင်းယူခဲ့မှုက ဟက်ထရစ်နဲ့ စတင်ဖွင့်နိုင်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ပွဲစဉ်နှစ်ပွဲမှာ ခြေစွမ်းမပြနိုင်လို့ ဝေဖန်ခံနေရတဲ့ ဟာဗက်ဇ်က ဖလားပွဲစဉ်မှာတော့ ခြေစွ်းပြခဲ့တာဖြစ်ပါတယ်။ လမ်းပတ်အတွက် စိတ်ကျေနပ်စရာက တိုက်စစ်မှူးအေဘရာဟမ်၊ ဂီရော့ဒ်တို့ ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပြီး …

ဘောကန်ဖိနပ် စပွန်ဆာစာချုပ်ကနေ အလန်းစားဝင်ငွေရရှိနေကြတဲ့ ဘောလုံးသမားများ

အောင်မြင်မှုတွေရရှိခဲ့ပြီးသား ဘောလုံးသမားတဦးအတွက် လက်ရှိ ကွင်းထဲမှာ ပြသနေတဲ့ခြေစွမ်း၊ အသင်းအပေါ်အကျိုးသက်ရောက်မှုတွေ အစရှိတဲ့အချက်တွေမှာ ညံ့ဖျင်းနေပါစေဦးတော့ သူတို့ရဲ့အောင်မြင်မှု အရှိန်အဝါကြောင့် သူတို့နဲ့မှ ကြော်ငြာရိုက်ချင်တာပါဆိုတဲ့ လုပ်ငန်းရှင်တွေ ဒုနဲ့ဒေးပါ။ နာမည်ကြီး ကစားသမား‌တွေဆိုရင် ပုံရိပ်အသုံးပြုခကနေရတဲ့ဝင်ငွေဟာ သူတို့ရဲ့လစာတွေလိုပဲ အပုံလိုက်ကြီးကို ရရှိနေကြတာပါ။ အဲ့ဒီလိုတွေထဲကမှ ဖိနပ်စပွန်ဆာကနေ ဝင်ငွေအမိုက်စားရရှိနေကြတဲ့ ကစားသမား ၁ဝဦးနဲ့ သူတို့ရရှိနေကြတဲ့ ဖိနပ်စပွန်ဆာကြေးတွေကို ဖော်ပြပေးသွားမှာပါ။ ၁၀။ မိုဆာလား …

ရော်နယ်ဒိုကို အကြောင်းမသိခင် တစ်ခါငေါက်ပြီးကတည်းက ထပ်မငေါက်ရဲတော့တဲ့ ဖာဂူဆန်

မန်ချက်စတာယူနိုက်တက်ဂန္တဝင်နောက်ခံကစားသမားဟောင်း နီမန်ဂျာဗီဒစ်က မန်ချက်စတာယူနိုက်တက်အသင်းက ဆာအဲလက်စ်ဖာဂူဆန်နဲ့ ခရစ်စတီယာနိုရော်နယ်ဒိုတို့ရဲ့ အစောပိုင်းကာလ ဆက်ဆံရေးအကြောင်းကို ပြန်ပြောင်းပြောပြခဲ့ပါတယ်။ ရော်နယ်ဒိုဟာ အသက် ၁၈ နှစ်သားအရွယ် ၂၀၀၃ ခုနှစ်မှာ မန်ချက်စတာယူနိုက်တက်ကို စပို့တင်းလစ္စဘွန်းအသင်းကနေ ရောက်ရှိလာခဲ့သူဖြစ်ပြီး အသင်းမှာ ၆ နှစ်ကြာ ကစားပေးခဲ့တဲ့ကာလအတွင်း ဆာအဲလက်စ်ဖာဂူဆန်နဲ့ အဖေနဲ့သားလို ဆက်ဆံရေးမျိုး ရှိခဲ့သူဖြစ်ပါတယ်။ ဆာအဲလက်စ်ရဲ့ လေးစားဖွယ်ပြုစုပျိုးထောင်မှုအောက်မှာ ရော်နယ်ဒိုဟာ ကမ္ဘာ့ဘောလုံးလောကမှာ အကောင်းဆုံးကစားသမားတွေထဲကတစ်ဦးအဖြစ် …

အံ့အားသင့်ဖွယ်ကာကွယ်မှုတွေ ပြုလုပ်ပြီး ဒီဂီယာကို ခြိမ်းခြောက်လိုက်တဲ့ ဟန်ဒါဆန်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဂိုးသမား ဒင်းဟန်ဒါဆန်ဟာ မနေ့ညကကစားခဲ့တဲ့ လူတန်တောင်းအသင်းနဲ့ပွဲမှာ အသင်းအတွက် ပွဲထွက်ခွင့်စတင်ရရှိခဲ့ပြီး ပေးဂိုးမရှိအောင်စွမ်းဆောင်သွားနိုင်ခဲ့ပါတယ်။ ရှက်ဖီးမှာ အငှားကစားသမားဘဝနဲ့ လက်စွမ်းပြခဲ့တဲ့ ဟန်ဒါဆန်ကို ယူနိုက်တက်က ပြန်လည်ခေါ်ယူခဲ့ပြီးနောက် မနေ့ညကပွဲမျာ ဆိုးလ်ရှားက အသုံးပြုခဲ့တာပါ။ အဲဒီပွဲမှာတော့ ဒင်းဟန်ဒါဆန်က သေချာပေါက်ဂိုးပေးရနိုင်တဲ့ အခွင့်အရေးတစ်ခုကို ဟန့်တားနိုင်ခဲ့ပါတယ်။ ပွဲကစားချိန် ၈၁ မိနစ်မှာ နသန်ဂျုံးစ်ရဲ့ ခေါင်းတိုက်သွင်းယူမှုကို ဟန်ဒါဆန်က အံ့အားသင့်ဖွယ်ကာကွယ်ပြခဲ့တာဖြစ်ပြီး သူ့ရဲ့ကာကွယ်မှုနဲ့ပတ်သက်ပြီးတော့ မန်ချက်စတာယူနိုက်တက်အသင်းပရိသတ်တွေက …

ယူနိုက်တက်နဲ့ အလွဲများစွာကို မချိတင်ကဲ ဝေဖန်လိုက်တဲ့ အီဗရာ

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဥ်မှာ ခရစ်စတယ်ပဲလေ့စ်ကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ ယူနိုက်တက် အသင်းနဲ့ ပြင်သစ်လက်ရွေးစင်ဟောင်း အီဗရာတယောက် သူ့ရဲ့ အင်စတာဂရမ် စာမျက်နှာအပေါ်မှာ မိနစ် ၂၀ ခန့် ဗီဒီယိုနဲ့ ဒီရှုံးပွဲအပေါ်မှာ ဝမ်းနည်းစွာ ပေါက်ကွဲခဲ့တာပဲ ဖြစ်ပါတယ်။ ၃ ဂိုး ၁ ဂိုးနဲ့ ခရစ်စတယ်ပဲလေ့စ်လို အသင်းမျိုးကို …

ပရီးမီးယားလိဂ်မှာ စောင့်ကြည့်ရမယ့် ဘေး၊ကိန်း၊ဆွန် တိုက်စစ်

ဝေးလ်လက်ရွေးစင်အသင်းနည်းပြရိုင်ယန်ဂစ်က ပရီးမီးယားလိဂ်မှာ ဂါရတ်ဘေးလ်ကို ပြန်မြင်ရတဲ့အတွက် ဝမ်းသာအားရဖြစ်နေပြီး၊ ဘေးလ်၊ ဟယ်ရီကိန်း၊ ဆွန်ဟောင်မင်တို့ရဲ့စောင့်ကြည့်ချင်စရာကောင်းတဲ့ တိုက်စစ်အစုအဖွဲ့တခုကို ဖန်တီးနိုင်ဖို့မျှော်လင့်ကြောင်း ရိုင်ယန်ဂစ်ကပြောခဲ့ပါတယ်။ စပါးအသင်းဟာ သူတို့ရဲ့ကစားသမားဟောင်းကို ရီးရဲလ်မက်ဒရစ်အသင်းထံမှ အငှါးစာချုပ်နဲ့ပြန်လည်ခေါ်ယူနိုင်ခဲ့တာကြောင့် စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့သဘောတူညီမှုတခု ပြုလုပ်နိုင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဘေးလ်ဟာ စပိန်မှာရုန်းကန်ခဲ့ရပြီးနောက်ပိုင်း သူ့ရဲ့ကစားသမားဘဝကို အကောင်းဆုံးပြန်လည်တည်ဆောက်ဖို့အတွက် အသင်းဟောင်းထံ တရာသီအငှါးစာချုပ်နဲ့ ပြန်လည်ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။ အဆိုပါ ၃၁နှစ်သားဟာ လက်ရှိမှာ ဒဏ်ရာကြောင့်ကစားနိုင်ခြင်းမရှိသေးပဲ …

တူရကီမှာ ဂိုးသွင်းကြမ်းခဲ့တဲ့တိုက်စစ်မှူးကို စိတ်ဝင်စားနေတဲ့ ဆိုးလ်ရှား

မန်ချက်စတာယူနိုက်တက်အသင်းဟာ ခရစ္စတယ်ပဲလေ့စ်တိုက်စစ်မှူး အလက်ဇန္ဒားဆောလော့ကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတယ်လို့ တူရကီသတင်း သတင်းရပါတယ်။ အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆောလော့ဟာ ၂၀၁၉-၂၀၂၀ ရာသီ တူရကီအသင်းဖြစ်တဲ့ ထရက်ဇွန်စပေါ်ကို အငှားချထားခံရချိန်မှာ ပြိုင်ပွဲစုံမှာ ၃၃ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ကစားသမားဖြစ်ပါတယ်။ မကြာသေးမီက ဆောလော့ဟာ လိုက်ပ်ဇစ်အသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမယ့်လည်း နောက်ဆုံးအချိန်မှာ ဆေးစစ်မှုခံယူဖို့ စီစဉ်ထားတဲ့ကိစ္စက ပျက်သွားခဲ့တာဖြစ်ပါတယ်။ သတင်းတွေရဲ့ဖော်ပြချက်အရ …

အခန်းပေါင်းရာကျော်ပါတဲ့ ဟိုတယ်အသစ်ကြီးကို ကျန်းမာရေးဝန်ထမ်းများအသုံးပြုနိုင်ရန် ဂမုန်းပွင့်ကုမ္ပဏီကလှူဒါန်း (အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

ဂမုန်းပွင့်ကုမ္ပဏီ မှအသစ်ဆောက်လုပ်ထားသောအခန်း (၁၀၂) ခန်းပါ ဟိုတယ်အဆောက်အဦ သစ်ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင်၊ ရှေ့တန်းမှစွမ်းစွမ်းတမံ တာဝန်ယူ ဆောင်ရွက်နေကြသော ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် ခေတ္တနားနေချိန်တွင် နေထိုင်အသုံးပြုနိုင်ရန်၊ အစားအသောက်များ အပါအဝင် ပြည့်စုံစွာ စီမံဆောင်ရွက် ပေးထားပါတယ်။ လေအေးပေးစက်များ၊ရေပူရေအေး စံနစ်များ၊ အရေးပေါ်မီးစက်များ ကိုလည်း အဆင်သင့်အသုံးပြုနိုင်ရန် တပ်ဆင်ပေးထားပါတယ်။ ရောဂါကပ်ဆိုးကြီးကျရောက်ချိန်တွင် ဂမုန်းပွင့်ကုမ္ပဏီအနေဖြင့်တစ်တပ် တစ်အား …

ဂါရတ်ဘေးက တော့တင်ဟမ်ကို ဆုဖလားတွေနဲ့ ခြွေးသိပ်ပေးလိမ့်မယ် – ခရော့

ရီးရဲမက်ဒရစ် အသင်းကနေ အသင်းဟောင်း စပါးအသင်းကို တရာသီ အငှားပြန်လည်ပြောင်းရွှေ့လာခဲ့တဲ့ ဂါရတ်ဘေးဟာ အင်္ဂလန်မှာ အောင်မြင်မှု ကြီးမားပါတယ်ဆိုတဲ့ ယူနိုက်တက် ထက်တောင် ချန်ပီယံ လိဂ် ဆုဖလား အရေအတွက် ပိုမို ရယူထားနိုင်ပေမယ့် နိုင်ပွဲတွေ ဆာလောင် ပြင်းပြနေဆဲပဲလို့ အသင်းဖော်ဟောင်း ပီတာခရော့က ဆိုလိုက်ပါတယ်၊ ရီးရဲမက်ဒရစ် အသင်းမှာ နည်းပြ ဇီဒန်းနဲ့ ဘာအကြောင်းရယ်ကြောင့် မသိရပဲ …